စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်သမိုင်း
စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းတွင် တည်ရှိသည်၊ စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက် တည်ထောင်သော ခုနှစ်မှာ၁၃၆၅ (၂၀၀၃) ခုနှစ် ဖြစ်သည်၊ စတင်တည်ထောင်စဉ်မှာ ဆရာတော်ဘဒ္ဒန္တ သာသနဝရ၊ ဆရာတော် ဘဒ္ဒန္တ ဩသဓ၊ ဘုန်းကြီး ဦးသီရိဓမ္မနှင့် ကိုရင်နှစ်ပါးတို့ ဖြစ်သည်၊ စတင် တည်ထောင်သော နှစ်မှ လေးနှစ်တိုင်တိုင် ဓမ္မာစရိယသင်တန်းကို ဖွင့်လှစ်ခဲ့သည်၊ ဓမ္မာစရိယသင်တန်းပို့ချကြသော ဆရာတော်နှင့် ဆရာကြီးများမှာ (၁) ဆရာတော် ဘဒ္ဒန္တ သာသနဝရ (ပါရာဇိကဏ်)၊ (၂) ဆရာကြီးဦးထွန်းဦး (သီလက္ခန်)၊ (၃) ဆရာကြီး ဦးသူရ (အဋ္ဌသာလိနီ) တို့ ဖြစ်သည်၊
စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်ဟု ဆိုသော်လည်း ကျောင်းတိုက်ဝေယျာဝေစ္စအတွက် အဆင်ပြေ ချောမွေ့စေရန် ပထမပြန် စာသင်သား သံဃာများကိုလည်း လက်ခံခဲ့သည်၊
စိန်ရတနာစာသင်တိုက်၏ ထူးခြားချက်မှာ မြောင်းမြနည်းစနစ်အတိုင်း ပါဠိဘာသာကို ဦးစားပေး သင်ကြားခြင်း ဖြစ်သည်။