စိန်ရတနာ ဆရာတော်၏ ဘဝဖြစ်စဉ်

ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်၊ ကံတော်ရွာဇာတိ ဖြစ်သည်။ ၁၃၂၇-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈-ရက်(၂၀၊၈၊၁၉၆၅)၊သောကြာနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးဉာဏ်ထွန်း၊ မယ်တော် ဒေါ်ရှိန်တို့ ဖြစ်သည်။ ဆရာတော် လောင်းလျာသည် အသက် ၁၄-နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ၁၃၄၇-ခုနှစ်တွင် မြင်းခြံမြို့နယ်၊ ကံတော်ရွာ၊ထန်းပင်ခြံကျောင်းဆရာတော် ဘဒ္ဒန္တ တေဇနိယကို ဥပဇ္ဈာယ်ပြု၍ ကံတော်ရွာ ဦးသာဇံ+ဒေါ်စန်းရီတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။

ဆရာတော်သည် မြင်းခြံမြို့နယ်၊ ကံတော်ရွာ၊ ထန်းပင်ခြံကျောင်းဆရာတော်နှင့် မြောင်းမြမြို့၊တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက် ဆရာတော်တို့ထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့သည်။ အစိုးရ ပထမငယ်၊ ပထမလတ်နှင့် ပထမကြီးတန်းတို့ကို ပါဠိဘာသာဖြင့် အောင်မြင်တော်မူခဲ့သည်။ ၁၃၅၀-ပြည့် နှစ်တွင် ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိတော်မူခဲ့သည်။

           ဆရာတော် ရေးသားပြုစုခဲ့သော ကျမ်းစာအုပ်များမှာ-
၁။ အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့တရားတော်များ(မူလပဏ္ဏာသ)
၂။ အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့တရားတော်များ(ဥပရိပဏ္ဏာသ)
၃။ သဒ္ဒါ့အုတ်မြစ်
၄။ စိန်ရတနာ ပါဠိသင်နည်း(၁)
၅။ သိမှတ်ဖွယ်ရာ ဗုဒ္ဓဝင်နှင့် ဓမ္မစကြာ
၆။ မိဘမေတ္တာ
၇။ မဟာသမယသုတ္တန်လင်္ကာများ
၈။ ဗုဒ္ဓ၏ ပုံတော်နှင့် ဂုဏ်တော်
၉။ ပိဋကဝိနိစ္ဆယကထာ
၁၀။ ပိဋကမြန်မာပြန်လမ်းညွှန်(အကြောင်းအရာအက္ခရာစဉ်)
၁၁။ ပိဋကမြန်မာပြန်လမ်းညွှန်(သုတ္တန်အက္ခရာစဉ်)
၁၂။ ပရိတ်တော်အဓိပ္ပါယ် ကြည်ညိုဖွယ်
၁၃။ ဓမ္မပဒအဋ္ဌကထာနိဿယသစ်(ပထမတွဲ)
၁၄။ ဓမ္မပဒအဋ္ဌကထာနိဿယသစ်(ဒုတိယတွဲ)
၁၅။ ပဋ္ဌာန်းလင်္ကာများ
၁၆။ ပိဋကသုံးပုံ အနှစ်ချုပ်ကျမ်းစာ (ပထမတွဲ)
၁၇။ ပိဋကသုံးပုံ သရုပ်စုံအဘိဓာန်(အကျဉ်း)
၁၈။ မူကြိုပါဠိသင်နည်း
၁၉။ ဝေဿန္တရာဇာတ်တော်(အနှစ်ချုပ်မြန်မာပြန်)
၂၀။ အဖွဲ့အစည်းပြုစုပျိုးထောင်နည်း
၂၁။ ဗုဒ္ဓစကား စသည်တို့ ဖြစ်သည်။